ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး စီမံကိန်းအတွက် နှစ်ပတ်လည် ပြန်လည် သုံးသပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇၊ ဇန်နဝါရီလ ၁၁ မှ ၁၄ အထိ နယူးဧရာဟိုတယ်၌ ၄ ရက်တိုင် ပြုလုပ်ခဲ့သည်။ အရုဏ်ဦးကျေးလက်လူမှုဖွံ့ဖြိုးရေးအသင်း (AYO-SDA)၊ မျိုးဆက်လှိုင်း (GW)၊ Dawn Action on Women Network(DAWN)၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလူမှုအဖွဲ့အစည်း (PDS)၊ မျိုးဆက်သစ် (ရှမ်းပြည်) (NGSS)၊ အထက်ချင်းတွင်းလူငယ်များကွန်ရက် (UCYN)၊ ချင်းတောင်ဒေသ သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့ (CNRWG)၊ ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ (LPMG)၊ မြန်မာနိုင်ငံ မွတ်စလင်အမျိုးသမီးများအဖွဲ့ (MWCM) တို့မှ ညွှန်ကြားရေးမူးများ၊ မန်နေဂျာများ၊ ညှိနိူင်းရေးမူးများနှင့် ပရိုဂရမ် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ တာဝန်ခံမှု၊ အန္တရာယ် အမျိုးမျိုးအကြောင်း၊ ပွင့်လင်းမြင်သာမှု၊ စီမံကိန်း အကောင်အထည်ဖော်ခြင်းနှင့် အောင်မြင်မှုများအပေါ် ပြန်လည် သုံးသပ်ခြင်း နှင့် တိုင်ပင် ဆွေးနွေးမှုများတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

BSPPနှင့် ပတ်သက်သော ပုံများ ကြည့်ရန် နှိပ်ပါ