
အရုဏ်ဦးကျေးလက် လူမှုဖွံ့ဖြိုးရေးအသင်း
အရုဏ်ဦးသည် မြန်မာပြည်ရှိ နေရာအတော်များများတွင် လှုပ်ရှားနေသည့် မှတ်ပုံတင်ထားပြီးသော၊ နိူင်ငံရေးမဟုတ်သော၊ ဂိုဏ်းဂနမဟုတ်သော၊ အကျိုးအမြတ်အတွက် မဟုတ်သော အဖွဲ့အစည်းဖြစ်သည်။ ကျားမလူမှုရေးရာ၊ ဘာသာတရား သို့မဟုတ် လူမှုရေးများပေါ် အခြေမခံဘဲ ထိခိုက်ခံစားနေရသော လူသားများကို ကူညီရန် ရည်ရွယ်ပါသည်။ CBOများ ဖွံ့ဖြိုးရေး စီမံကိန်းများ ရေရှည်တည်တံ့နိူင်ရန်နှင့် စွမ်းရည်မြှင့်တင်ပေးရန် လုပ်ဆောင်ပေးပါသည်။ အရုဏ်ဦးသည် ရန်ကုန်တွင်ဌာနချုပ်ရုံးရှိပြီး မြန်မာနိူင်ငံတွင် ဝန်ထမ်းပေါင်း ၇၀ နှင့် စီမံကိန်းပေါင်းများစွာကို ဆောင်ရွက်နေပါသည်။
ကျွန်ုပ်တို့၏တန်ဖိုးထားခြင်းများ
- လူ့ဂုဏ်သိက္ခာ
- လူ့ဘဝပြည့်စုံမှုနှင့် အရည်အသွေး
- လူသားချင်းစာနာထောက်ထားသော စိတ်ဓါတ်
- မေတ္တာတရားနှင့် စာနာထောက်ထားခြင်း
- နောက်ခံသတင်းအချက်အလက်နှင့် လှုပ်ရှားမှုများ
၂၀၀၈ ခုနှစ်တွင် ရန်ကုန်တိုင်းရှိ နေရာတချို့ အပါအဝင် မြန်မာ့ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများသို့ နာဂစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။ မုန်တိုင်း ပြီးလျှင်ပြီးချင်း အရုဏ်ဦးကျေးလက် လူမှုဖွံ့ဖြိုးရေးအသင်းကို တည်ထောင်ပြီး ပြည်တွင်းပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် သဘာဝဘေးဒဏ် ခံရသော ပြည်သူများအား ၆လတာ ကာလအတွင်း အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးနိူင်ခဲ့သည်။ ထောက်ပံ့ပေးနိူင်ခဲ့သော အကူအညီများတွင် အစားအစာ၊ အစားအစာမဟုတ်သော ပစ္စည်းများနှင့် ရေသန့်များ၊ ယာယီနှင့် ရေရှည်ခံအိမ်ရာများ၊ အိမ်သာများ၊ ရွေ့လျားဆေးခန်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ၊ လူမှုစိတ်ပညာ ကူညီမှုများ စသည့်အရာများကို ပေးနိူင်ခဲ့သည်။
သဘာဝ ဘေးအန္တရာယ်ပြီနောက် အရုဏ်ဦးသည် အရေးပေါ် အကူအညီပေးခြင်းမှ ပြန်လည်ထူထောင်ရေးနှင့် ဒေသတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေး လုပ်ဆောင်ခြင်းသို့ နည်းဗျုဟာကို ပြောင်းလဲနိူင်ခဲ့သည်။ အရုဏ်ဦးသည် ဧရာဝတီတိုင်းအတွင်းရှိ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် လပွတ္တာမြို့များ၊ မကွေးတိုင်းတွင်းရှိ မင်းတုန်းနှင့် တောင်တွင်းကြီးမြို့များ၊ ရခိုင်ပြည်နယ်တွင်း ရှိမြေပုံနှင့် မင်းပြားမြို့များ စသည့် စီမံကိန်းနယ် မြေများတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာအကူအညီများ ပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အရုဏ်ဦး၏ စီမံကိန်းများကို ချင်းပြည်နယ်ရှိ တွန်းဇံ၊ တီးတိန်၊ မတူပီနှင့် မင်းတပ်မြို့နယ်များ၊ ရန်ကုန်တိုင်းဒေသကြီအတွင်းရှိ ကွမ်းခြံကုန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင်းရှိ ကလေးမြို့နယ်များထိ အသက်မွေးဝမ်းကြောင်း ဆိုင်ရာတိုးတက်မှု၊ DRR၊ အသေးစားငွေချေးခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်း စီမံကိန်းများကို တိုးချဲ့နိူင်ခဲ့သည်။
အထက်ဖော်ပြပါ စီမံကိန်းများကို အရုဏ်ဦးသည် Oxfam (GB), Norwegian People's Aid (NO), Mercy Corps (SU), LIFT (UNOPS), USAID (US), Burnet Institute (AU), Save the Children (GB), DFID (British Embassy), Triangle Génération humanitaire (FR) and SPAS (SE) စသည့် အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းအဖြစ် လက်တွဲ လုပ်ဆောင်ခဲ့သည်။