မြန်မာနိူင်ငံသည် ဆိုင်ကလုန်း၊ မုန်တိုင်းများ၊ ရေကြီးမှုများ၊ မြေပြိုခြင်းများ၊ ငလျင်များ၊ ဆူနာမီများ၊ မိုးခေါင်ရေရှားခြင်းများ၊ မီးဘေးနှင့် တောမီးလောင်ခြင်းများ စသည့် သဘာဝ ဘေးအန္တရာယ်များတို့ကို ကြုံတွေ့ ရင်ဆိုင်နေရပေသည်။

အရုဏ်ဦးကျေးလက် လူမှုဖွံဖြိုးရေးအသင်းသည်  ၂၀၀၈ ခုနှစ်တွင် ရန်ကုန်တိုင်းရှိ နေရာတချို့ အပါအဝင် မြန်မာ့ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများသို့ နာဂစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့်အချိန်၊ ၂၀၀၉ ခုနှစ်တွင် ချင်းပြည်နယ်တွင် ကြွက်ပြဿနာ ကြုံတွေ့ရချိန်၊ ၂၀၁၀ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဆိုင်ကလုန်းဂီရိ ဝင်ရောက်ခဲ့ချိန်နှင့် ၂၀၁၅ ခုနှစ်တွင် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်သို့ ဆိုင်ကလုန်း ကိုမန် ဝင်ရောက်ခဲ့ချိန်များအတွင်း ပြည်တွင်းပြည်ပ အလှူရှင်များ၏ အကူအညီဖြင့် သဘာဝ ဘေးဒဏ်ခံရသော ပြည်သူများအား

  • အစားအစာများ ဖြန့်ဝေပေးခြင်း (ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ဖြု၊ ခေါက်ဆွဲခြောက်၊ အာလူး နှင့် ကြက်ဥ စသဖြင့်….)
  • အစားအစာမဟုတ်သော အရာများ ဖြန့်ဝေပေးခြင်း
  • ရွေ့လျားဆေးပေးခန်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း
  • သောက်ရေသန့်များ ဖြည့်ဆည်းခြင်းနှင့် သောက်သုံးရေ သိုလှောင်ပုံးများ ဖြန့်ဝေပေးခြင်း
  • တကိုယ်ရည်သန့်ရှင်းရေးအတွက် မိလ္လာစနစ်များ ပံ့ပိုးပေးခြင်း
  • ယာယီနားနေဆောင်များ ပံ့ပိုးပေးခြင်း စသည့် လုပ်ငန်းများကို ချက်ချင်းဆိုသလိုပင် အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးနိူင်ခဲ့သည်။