
အရုဏ်ဦးကျေးလက်လူမှုဖွံ့ဖြိုးရေးအသင်း တခြားသော မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Swedish Peace and Arbitration Society(SPAS), Generation Wave (GW), Dawn Action on Women Network(DAWN), Peace and Development Society(PDS), New Generation Shan State(NGSS), Upper Chindwin Youth Network(UCYN), Chin Natural Resources Watch Group(CNRWG), Laiza Peace Marching Group(LPMG), Muslim Women Council of Myanmar(MWCM), နှင့် Kaw Lah Foundation တို့နှင့် မြန်မာနိူင်ငံတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်ခြင်း စီမံကိန်းကို လက်တွဲလုပ်ဆောင်နေသည်။
၂၀၁၀မှစ၍ အရုဏ်ဦးလူမှုဖွံ့ဖြိုးရေးအသင်းသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အမျိုးသမီးများနှင့် ကလေးသူငယ်များတို့နှင့် သက်ဆိုင်သော သင်တန်းများနှင့် အမြင်ဖွင့်လုပ်ဆောင်ချက်များကို စတင်ခဲ့သည်။ ထို့ပြင် နေရပ်စွန့်ခွါ ထွက်ပြေးရသူများအတွက် ပြန်လည် ထူထောင်ပေးခြင်းနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းများ လုပ်ဆောင်နိူင်ရန်အတွက် ရှေ့ပြေး စီမံကိန်းများကို ထောက်ပံ့ပေးခဲ့သည်။ လွတ်တော်ထဲတွင် ဥပဒေပြုသူများမှတဆင့် နိူင်ငံလုံးဆိုင်ရာ မြေယာဥပဒေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေနှင့် အသင်းအဖွဲ့ ဥပဒေများ ရေးဆွဲနိူင်ရန် စည်းရုံးလှုံ့ဆောင်ခြင်းများ၌လည်း ပါဝင် လုပ်ဆောင်ခဲ့သည်။
မြန်မာနိူင်ငံတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးစီမံကိန်း အကောင်အထည် ဖော်နေချိန်တွင် အရုဏ်ဦးကျေးလက်လူမှုဖွံ့ဖြိုးရေးအသင်းသည် ထိုစီမံကိန်းအတွက် လုပ်ဆောင်မှုများ၊ output နှင့် outcome များကို အသင်းအဖွဲ့၏ အရေးကြီး လုပ်ဆောင်ရမည့် အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစည်း လုပ်ဆောင်နိူင်ခဲ့သည်။ အရုဏ်ဦးကျေးလက်လူမှုဖွံ့ဖြိုးရေးအသင်းသည် လူမှုရေး အသင်းအဖွဲ့များနှင့် နိူင်ငံရေး နယ်ပယ်တွင်ပါ ကျယ်ပြန့်သော ကွန်ယက်နှင့် အတွေ့အကြုံများစွာ ရှိသည့်အပြင် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိူင်ရန် ကောင်းမွန်သော အရည်အသွေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်လည်း ရှိပေသည်။
အရုဏ်ဦးကျေးလက်လူမှုဖွံ့ဖြိုးရေးအသင်း သည် များပြားလှသော လုပ်ဆောင်ချက်များ ပြုလုပ်နေသည့်အပြင် umbrella organization ဟု ခေါ် သည့် ပြန်လည်ဖြန့်ကြက်ပေးသည့် အဖွဲ့အစည်း တခုအဖြစ် စီမံကိန်းတွင် ပါဝင် လုပ်ဆောင်နေသည့် အသင်းအဖွဲ့ငယ်များ၏ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် ကူညီပေးလျက်ရှိသည်။