ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံအကြို ချင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲ၏ နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ဇန်နဝါရီလ ၂၄-၂၅ ထိ ရန်ကုန်မြို့ရှိ စကားဝါခန်းမတွင် ကျင်းပခဲ့သည်။ နေရာဒေသနှင့် အဖွဲ့အစည်းအမျိုးမျိုးမှ ချင်းလူမျိုး ၂၈ ဦး ပါဝင်တက်ရောက်ခဲ့သည်။ ထိုချင်းလူမျိုးများသည် ပြည်နယ်/တိုင်း ၅ ခုနှင့် မြို့နယ် ကိုယ်စားပြုသောကိုယ်စားလှယ်များဖြစ်သည်။ ပထမနေ့တွင် အလုပ်ရုံဆွေးနွေးပွဲ လုပ်ရခြင်း၏ နောက်ခံအကြောင်းရင်းနှင့် ပြုလုပ်ရသော ရည်ရွယ်ချက်ကို အမေးအဖြေကဏ္ဍဖြင့် ပြုလုပ်ခဲ့ပြီး နောက်နေ့တွင် အကြောင်းအရာ ၅မျိုးအပေါ်တွင် အဖွဲ့ ၃ ဖွဲ့ခွဲ၍ ပြန်လည် သုံးသပ်ခြင်းနှင့် တခြားသောအကြောင်းအရာများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။