လက်နက်ဖျက်သိမ်းရေး၊ တပ်ဖွဲ့အင်အားစုများ ဖျက်သိမ်းရေးနှင့် ပြန်လည် ပေါင်းစည်းရေး ဆွေးနွေးပွဲ (DDR Seminar) ကို Swedish Peace and Arbitration Society (SPAS) နှင့် အရုဏ်ဦးကျေးလက် လူမှုဖွံ့ဖြိုးရေးအသင်းတို့မှ ကြီးမူး၍ ၂၀၁၇ ဇန်နဝါရီလ ၂၆ မှ ၂၉ အထိ Summit Parkview ဟိုတယ်၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ သင်ကြားပေးတဲ့ ဆရာတွေကတော့ ဆွီဒင်နိူင်ငံ Folke Bernadotte အကယ်ဒမီမှ Stefan Åström နှင့် Hand Thorngren တို့နှစ်ဦးဖြစ်သည်။ အရုဏ်ဦးကျေးလက် လူမှုဖွံ့ဖြိုးရေးအသင်း (AYO-SDA)၊ မျိုးဆက်လှိုင်း (GW)၊ Dawn Action on Women Network(DAWN)၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လူမှုအဖွဲ့အစည်း (PDS)၊ မျိုးဆက်သစ် (ရှမ်းပြည်) (NGSS)၊ အထက်ချင်းတွင်း လူငယ်များကွန်ရက် (UCYN)၊ ချင်းတောင်ဒေသသဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့ (CNRWG)၊ ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ (LPMG)၊ မြန်မာနိုင်ငံ မွတ်စလင် အမျိုးသမီးများအဖွဲ့ (MWCM) မှ ဝန်ထမ်းများ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ခဲ့ကြသည်။

DDR Seminar နှင့် သက်ဆိုင်သော ပုံများကြည့်ရန် ဤနေရာကိုနှိပ်ပါ