“ကျားမ မတူကွဲပြားမှုအမြင်နှင့် တန်းတူ ရရှိစေရေးမူတို့ကို လုပ်ဆောင်မှုတိုင်းတွင်ထည့်သွင်း ပါဝင်စေခြင်း” သင်တန်းကို အရုဏ်ဦးကျေးလက်လူမှုဖွံ့ဖြိုးရေးအသင်းမှ Peace Team ၏စီစဉ်မှုဖြင့် မိတ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် မျိုးဆက်သစ် (ရှမ်းပြည်) (NGSS)အဖွဲ့အတွက် ဇူလှိုင်လ ၁၀ မှ ၁၄ ရက်နေ့အထိ တောင်ကြီးမြို့တွင် သင်တန်းမှုး ဒေါ်မြင့်မြင့်ဦးမှ ပြုလုပ်ပေးခဲ့သည်။ အဓိက ဆွေးနွေးချက်များအနေဖြင့် (၁) ကျားမလူမှုရေးရာနှင့် လိင်၊ (၂) ကျားမ လူမှုရေးရာ၏ အခြေခံအကြောင်းရင်းများ (လူမှုဆက်ဆံရေး၊ အမြင်၊ ခွဲခြားဆက်ဆံခြင်း)၊ (၃) ကျားမရေးရာအခန်းကဏ္ဍ၊ (၄) အကျိုးရှိသော နားထောင်နိူင်ခြင်း စွမ်းရည်၊ (၅) ကျားမအခြေပြု အကြမ်းဖက်ခြင်းနှင့် အမျိုးသမီးများ လူကုန်ကူးခံရခြင်း၊ (၆) CEDAW အသိအမြင်၊ နှင့် (၇) NADPAW အသိအမြင် စသည့်အချက်များကို ဝေမျှခဲ့ပါသည်။

 

သက်ဆိုင်သောပုံများကို ကြည့်ရန် နှိပ်ပါ