_0.jpg)
အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပိုင်ဆိုင်မှုများ ဖန်တီးပေးခြင်း
တွန်းဇံမြို့နယ်သည် ချင်းပြည်နယ်၏ မြောက်ဖက်ပိုင်းစွန်းတွင် တည်ရှိပြီး အခြားသော ဒေသများထက် ပိုမို၍ ဝေးလံသသည့်အပြင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်းများကြောင့် ဆေးရုံများ ၊ ကျောင်းများ ၊ ဈေးကွက်များသို့ သွားနိုင်ရန်အတွက် အခွင့်အလမ်းနည်းပါးသည်။ ထို့ပြင် လူမှုရေး ၊ စီးပွားရေး အခန်းကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှုများ နည်းပါးသေးသည်။ တွန်းဇံမြို့ရှိ ကျေးရွာများသည် ပြန့်ကျဲလျက်ရှိပြီး လူဦးရေးမှာလဲ နည်းပါးသည်။ တွန်းဇံမြို့နယ်သည် အိမ်ခြေပေါင်း ၅၁၀၀ ရှိပြီး လူဦးရေ စုစုပေါင်း ၃၂၄၀၀ ရှိသည်။
ချင်းလူမျိုးများသည် ဘိုးဘေးဘီဘင် လက်ထက်ကတည်းကပင် တောင်ယာစိုက်ပျိုးခြင်း အလုပ်ကို လုပ်ကိုင်ခဲ့ကြသည်။ ယခင်အချိန်များတွင် ရွှေ့ပြောင်း စိုက်ပျိုးခြင်းများအတွက် သစ်တောများ ၊ မြေသြဇာများ ၊ လုံလောက်ကောင်းမွန်သည်။ သို့သော် ယခုနှစ်များတွင် လူဦးရေမှာ ယခင်ထက်တိုးပွားလာမှုများကြောင့် စိုက်ပျိုးမှုများ လုပ်ရာတွင် သစ်တောများ ပြုန်းတီးလာသည့်အပြင် မြေဆီလွှာ တိုက်စားမှုများ ဖြစ်ပေါ်လာသည်။ ရလဒ်အနေဖြင့် နောက်ပိုင်းတွင် ရာသီဥတုများဖောက်ပြန် ပြောင်းလဲလာသည်။ ကွန်တိုစိုက်ပျိုးရေးစနစ် နှင့် တောင်စောင်းစိုက်ပျိုးရေး စနစ်တို့သည်ရွှေ့ပြောင်း တောင်ယာစနစ်မှ အမြဲတမ်း စိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းနိုင်ရန် ကောင်းမွန်သော စနစ်ဖြစ်သော်လည်း နည်းပညာနဲ့ ငွေကြေးအရင်းအနီး မလုံလောက်ခြင်းသည် မိရိုးဖလာမှ ပိုမိုကောင်းမွန်သော နည်းပညာ အသုံးပြုရန်အတွက် အဟန့်အတား ဖြစ်စေသည်။
အရုဏ်ဦးကျေးလက် လူမှုဖွံဖြိုးရေးအသင်းသည် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့အစည်း ( UNWFP) ၏ ထောက်ပံ့မှုဖြင့် ချင်းပြည်နယ် ၊ တွန်းဇံမြို့အတွင်းရှိ ကျေးရွာပေါင်း( ၇၈ ) ရွာတွင် အသက်မွေးဝမ်းကြောင်းနှင့် ဆက်စပ်သည့် ပိုင်ဆိုင်မှုများ ဖန်တီး လုပ်ဆောင်ခြင်းအားဖြင့် စားနပ်ရိက္ခာဖူလုံမှု တိုးမြင့်လာစေရန် ၂၀၁၄ ခုနှစ်မှစတင်၍ လုပ်ငန်းများ ကောင်ထည်ဖော် ဆောင်ရွက်ခဲ့သည်။ ဤစီမံကိန်း၏ ရည်ရွယ်ချက်မှာ စားနပ်ရိက္ခာ ဖူလုံရန်နှင့် မိရိုးဖလာတောင်ယာ လုပ်ကိုင်ခဲ့သော အစဉ်အလာမှ ပိုမိုကောင်းမွန်သော နည်းပညာ အသုံးပြုရန် ရည်ရွယ်သည်။ ၂၀၁၇ ခုနှစ် အလွန်ထိခိုက်လွယ် အိမ်ထောင်စုပေါင်း၅၇၇၇ အိမ်ထောင်စုမှ မိသားစုဦးရေပေါင်း ၃၄၅၃၈ ဦးအား ငွေသားစုစုပေါင်း ကျပ် ၁၆၈,၃၅၃,၀၇၅ နှင့် အစားအစာ ၁၇၂၉၈.၃၈ မက်ထရစ် တန်ချိန်များကို လုပ်အားနှင့် ငွေလဲလှယ်ခြင်းနှင့် အစားအစာ လဲလှယ်ခြင်း အစီအစဉ်ဖြင့် တိုက်ရိုက်အကျိုးခံစား ခွင့်ရကြပြီး တောင်ယာမြေနှင့် လယ်ယာမြေဧရိယာ ၃၃၈.၅၅၁ ဟတ်တာနှင့် ၂၆.၇ ကီလိုမီတာရှိသော လယ်ရေတွင်းမြောင်းများကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။
စဉ် | လုပ်ငန်းစဉ် |
စုစုပေါင်း တိုက်ရိုက်အကျိုးခံစားသည့် မိသားစုအရေအတွက် (Cumulative) |
စုစုပေါင်း လူဦးရေ (Cumulative) | လက်ငင်းရလဒ်/ အောင်မြင်မှုရလဒ် | အစားအစာ (မက်ထရစ်တန်ချိန်) | ငွေသား (ကျပ်) |
1. | စိုက်ပျိုးမြေပြန်လည်ပြုပြင်ခြင်း | ၁၁၂၁ | ၇၃၉၅ | ၂၃၅.၃၉ ဟက်တာ | ၃၄၆.၁၆၃ | ၈၀,၀၇၄,၅၇၅ |
2. |
ဆက်သွယ်သွားလာရေးလမ်းဖောက်လုပ်ခြင်း နှင့် ပြန်လည်ပြုပြင်မွမ်းမံခြင်း |
၁၈၆၀ | ၁၁၄၂၃ | ၁၀၃.၁၆၁ ဟက်တာ | ၁၂၂.၄၅၉ | ၈၁,၅၉၂,၅၀၀ |
3. | လယ်ရေသွယ်မြောင်း/ လယ်ရေသွင်းမြောင်း ပြုလုပ်ပေးခြင်း | ၂၃၂ | ၁၄၉၂ | ၂၆.၇ ကီလိုမီတာ | ၁၆,၀၉၀.၆၅၉ | ၆,၆၈၆,၀၀၀ |
4. |
သဘာဝဘေးဒဏ်တုံပြန်မှုအစီအစဉ် (အစားအစာ ဖြန့်ဝေလှူဒါန်းခြင်း) |
၇၅၀ | ၄၃၆၁ | ဝ | ၅၉.၇၃၆ | ဝ |
၅. | သဘာဝဘေးဒဏ် ကယ်ဆယ်ရေးအစီအစဉ် (အစားအစာ ဖြန့်ဝေလှူဒါန်းခြင်း) | ၁၈၁၄ | ၉၈၆၇ | ဝ | ၆၇၉.၃၆၄ | ဝ |