၂၀၁၅ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ ဆိုင်ကလုန်း မုန်တိုင်း "ကိုမာ" ဝင်ရောက်ခဲ့မှုကြောင့် မြန်မာနိုင်ငံရှိ ဒေသများတွင် ရေကြီး ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ မုန်တိုင်းဝင်ရောက်မှုကြောင့် လူဦးရေ ကိုးသန်းကျေ ာ်ထိခိုက်ခဲ့ပြီး ၁၇၂ ယောက် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် လူဦးရေ ၁.၇သန်းသည် မိမိတို့နေရာမှ ရွှေ့ပြောင်းခဲ့ရသည်။ အိမ်ခြေပေါင်း ၃၁၅၀၀၀ ထိခိုက်ခဲ့ပြီး ၃၈၀၀၀ မှာ ဆုံးဝါးစွာ ပျက်စီးခဲ့ရသည်။ လယ်မြေဧရိယာ စုစုပေါင်း စတုရန်းမီတာ ၅၆၇၀၀၀ ကျော် ရေလွှမ်းမိုးခြင်းခံခဲ့ရပြီး ပျက်စီး ဆုံးရှုံးခဲ့သည်။ လယ်မြေဧရိယာ စုစုပေါင်း စတုရန်းမီတာ ၃၄၁၀၀၀ သည်လည်းထိခိုက်ခဲ့ရသည်။ နောက်ဆက်တွဲအနေဖြင့် အစာရေစာ ရှားပါးခြင်း ပြဿနာများ ကြုံတွေ့နိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ခံနိုင်ရည် စွမ်းအင်များ လျော့နည်းလာနိုင်သည်။ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့သည် အခြားသော ပြည်နယ်နှင့် တိုင်းဒေသများနည်းတူ ထိခိုက်ခံ ဦးတည်အုပ်စုများအနေဖြင့် သဘာဝ ဘေးအန္တရယ်နယ်မြေဟု တရားဝင် ကြေညာခဲ့သည်။ လမ်းပန်းဆက်သွယ်ရေး ၊ အသက်မွေးဝမ်းကြောင်း အလုပ်ငန်းများ နှင့် လျှပ်စစ်မီးများ ပျက်စီးခဲ့ရသည်။

သဘာဝဘေးဒဏ်ခံ ဦးတည်အုပ်စုများ၏ ခုခံနိုင်မှု စွမ်းရည် မြင့်တက်လာစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်ဖြင့် တွန်းဇန်မြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၃၀ တွင်ရေကြီးမှုနှင့် မြေပြိုမှုဒဏ် ပြည်သူများကို ကူညီ ထောက်ပံ့နိုင်ရန် ၃နှစ် စီမံကိန်း တစ်ခုကို အရုဏ်ဦးကျေးလက် လူမှုဖွံ့ဖြိုးရေးအသင်းအနေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်နေသည်။ ဤစီမံကိန်းကို ဂျာမနီအစိုးရ လက်အောက်ရှိ BMZ ( Federal Ministry for Economic Coorperation and Development of Germany )၏ အထောက်အပံ့ဖြင့် မိတ်ဖတ်အဖွဲ့အစည်းဖြစ်သော WHH( Welthungerhilfe ) နှင့် ပူးတွဲ အကောင်ထည်ဖော် ဆောင်ရွက်သည်။ ဤစီမံကိန်းကို ကယ်ဆယ်ရေး ၊ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို စနစ်တကျချိတ်ဆက်ပေးသော နည်းဗျူဟာကို စီမံကိန်း၏ ကျောရိုးအဖြစ် တည်ဆောက်ထားပြီး အသက်မွေးဝမ်းကြောင်းနှင့် ဦးတည်အုပ်စုများ၏ ခုခံနိုင်မှုစွမ်းရည် ပိုမို မြင့်တက်စေရန် ရည်ရွယ်သည်။

အဓိက စီမံကိန်းလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်နိုင်ရန်

၂။ ရေကောင်းရေသန့်ရရှိရေးနှင့် တကိုယ်ရည်သန့်ရှင်းမှု ရှိစေရန်

၃။ အစားအသောက်နှင့် အာဟာရဓာတ်များ ပြည့်ဝမှုရှိစေရန်

၄။ သဘာဝဘေးအန္တရာယ် ဆိုးကျိုးများ လျော့ကျစေရန်