
၂၀၁၅ ခုနှစ် ဇူလိုင်လနှောင်းပိုင်းတွင် တိုက်ခိုက်ခဲ့သော အပူပိုင်းမုန်တိုင်း ဆိုင်ကလုန်းကိုမန် ဝင်ရောက်တိုက်ခိုက်မှုကြောင့် မိုးအဆက်မပျက် ရွာသွန်းခြင်းများကြောင့် မြန်မာနိုင်ငံအနှံအပြားရှိ တိုင်းနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံတော်သမ္မတမှ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့ကို သဘာဝဘေးအန္တရယ် နယ်မြေအဖြစ် ဇူလိုင်လ ၃၁ တွင် တရားဝင် ကြေညာခဲ့သည်။ ချင်းပြည်နယ်၊ တီးတိန် နှင့် တွန်းဇံမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေသများ တွင် မြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်း၊ တောင်ယာစပါးခင်းများ ပျက်ဆီးခြင်း နှင့် သောက်သုံးရေထွက်ရှိရာ အရင်းအမြစ်များ ပျက်စီးရှုံးဆုံးခြင်းများ ဖြစ်စေသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ရေမျက်နှာပြင် မြှင့်တက်မှုကြောင့် လူနေအိမ် အဆောက်အဦးများ နှင့် လယ်ယာစပါးခင်းများတွင် နှုန်း၊သဲ၊ကျောက် နှင့် သစ်တုံးများတင်ကျန်နေရစ်စေခဲ့ပြီး လယ်ယာစိုက်ပျိုးရေးများတွင် အဟန့်အတား ဖြစ်စေခဲ့သည်။
နိုင်ငံတကာ အလှူရှင် WHH-Myanmar, Caritas Switzerland, ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိပ်က္ခာအဖွဲ့ (UNWFP), ကမ္ဘာ့ကုလသမဂ္ဂအစားအစာ နှင့် စိုက်ပျိုးရေးအဖွဲ့ (UNFAO) နှင့်ပြည်တွင်းမှ လားရှိုးအသင်း (ရန်ကုန်) တို့၏ အထောက်အပံ့ဖြင့် အရေးပေါ် ရေဘေးကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးလုပ်ငန်းများ ကို (၆) လ တာကာလ ကြာမြှင့်သည်အထိ လုပ်ဆောင်ခဲ့သည်။